
အိန္ဒိယနိုင်ငံက ရုရှားထံမှ ရေနံဝယ်ယူလို့ အိန္ဒိယအပေါ် ထပ်ဆောင်းကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပြီးနောက်တစ်ရက်အကြာမှာပဲ အမေရိ ကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်က ကုန်သွယ်စည်းကြပ်ခွန်ကိစ္စ အငြင်းပွားနေချိန်မှာ အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲပြုလုပ်မှာမဟုတ်ဘူးလို့ ဩဂုတ်လ ၇ ရက်မှာ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
ကုန်သွယ်စည်းကြပ်ခွန်ကိစ္စ ဖြေရှင်းမှုမပြုမချင်းမှာ အိန္ဒိယနဲ့ ညှိနှိုင်းမှု ဖြစ်နိုင်ခြေကို ညှိနှိုင်းမှုပြုဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ငြင်းဆိုလိုက်ပါတယ်။ အမေရိကန်က လက်ရှိမှာ အိန္ဒိယအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ချမှတ်ထားပြီး ထက်ဝက်ကတော့ ဩဂုတ်လ ၇ ရက်မှာ စတင် အကျိုးသက်ရောက်ခဲ့ပါတယ်။ ကျန်တစ်ဝက်က ရုရှားထံမှ ရေနံဝယ်ယူမှုအတွက် ပြစ်ဒဏ်အဖြစ် ချမှတ်တာဖြစ်ပြီး သြဂုတ်လ ၂၇ ရက်မှာ စတင်အကျိုးသက်ရောက်မှာပါ။
အိန္ဒိယနိုင်ငံအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသတ်မှတ်မယ်လို့ ကြေညာအပြီးမှာ အိန္ဒိယနဲ့ကုန်သွယ်ရေးညှိနှိုင်းမှုတွေ တိုးမြှင့်လုပ်သွားဖို့ မျှော်လင့်ပါသလားလို့ သတင်းထောက် တစ်ဦးက မေးမြန်းတဲ့အခါမှာ ထရမ့်ပ်က ပခုံးကိုတွန့်ပြီး “ဒီပြဿနာကို ငါတို့ပြေလည်အောင် မဖြေရှင်းနိုင်မချင်းပေါ့” လို့ ဖြေခဲ့တာပါပဲ။
အိန္ဒိယနိုင်ငံက ရုရှားထံမှ ရေနံဝယ်ယူလို့ ရုရှားနဲ့ စီးပွားရေးတွေလုပ်တဲ့အတွက် ထပ်ဆောင်း ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်လို့ ကြေညာခဲ့အပြီး တစ်ရက်အကြာမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခုလိုမှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ကြေညာချက်မှာ ရုရှားရဲ့ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေကို တုံ့ပြန်ဖို့ အမေရိကန်ရဲ့ အားထုတ်ချက်တွေကို ပျက်ပြားစေတယ်လို့ ပြောခဲ့ပါတယ်။
“အိန္ဒိယက ရေနံတွေကို နောက်ဆက်တွဲအနေနဲ့ အဖွင့်ဈေးကွက်မှာ ပြန်ရောင်းချတာက မကြာခဏဆိုသလိုပဲ အမြတ် အစွန်းသိသိသာသာရလေ့ရှိတယ်။ ဒါက ရုရှားနိုင်ငံအနေနဲ့ သူ့ရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ထောက်ပံ့နိုင်အောင် သူ့နိုင်ငံစီးပွားရေးကို အားကောင်းလာစေတာပဲ” လို့ အိမ်ဖြူတော်က ကြေညာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကြေညာချက်က “သမ္မတ ထရမ့်ပ်ဟာ ရုရှားနိုင်ငံက ရေနံတင်သွင်းမှုကနေ ကျူးကျော် တိုက်ခိုက်မှုပြုဖို့ ရုရှားနိုင်ငံစီးပွားရေးကို အားကောင်းလာအောင်ထောက်ပံ့ပေးသလိုဖြစ်မှာကို ဟန့်တားဖို့နဲ့ ရုရှားနိုင်ငံအပေါ် ဆိုးရွားသောစီးပွားရေးအကျိုးဆက်များ သက်ရောက်စေဖို့လည်း ရည်ရွယ်တယ်” လို့လည်း ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှ သွင်းကုန်တွေအပေါ် အမေရိကန်အစိုးရက ကုန်စွယ်စည်းကြပ်ခွန် စုစုပေါင်း ၅၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ကြေညာပြီးတဲ့နောက် ဩဂုတ်လ ၇ ရက်မှာပဲ အိန္ဒိယနိုင်ငံ ဝန်ကြီး ချုပ် နာရန်ဒရာ မိုဒီက အိန္ဒိယနိုင်ငံအနေနဲ့ စီးပွားရေးအကျိုးဆက်တွေကို ရင်ဆိုင်ရဦးတော့ နိုင်ငံရဲ့ လယ်သမားတွေရဲ့ အကျိုးစီးပွားကို ဘယ်တော့မှ အလျှော့မပေးဘူးလို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
Source: viet plus
DOCA(ပြည်ထောင်စုနယ်မြေ)
