Main menu

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ Talk Show ဆောင်ရွက်မှု

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (ဦးစီးမှူး)သည်  ၂၀-၁၁-၂၀၂၅ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “ စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချရာတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ Online မှတ်ပုံတင် ဆောင်ရွက်ခြင်းများအကြောင်း” (Talk Show) ဆွေးနွေးပြောကြားခဲ့ပါသည်။

     စားသုံးသူကာကွယ်‌ရေးအကြောင်း ဆွေးနွေးပြောကြားရာတွင် စားသုံးသူကာကွယ်ရေးအတွက် အဓိကကျသော စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပါယ်သတ်မှတ်ချက် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မတီနှင့်ကော်မရှင် အဆင့်ဆင့်တို့မှ ချမှတ်ပေးသော မျှတမှုရှိသော လုပ်ငန်းစဉ်အကြောင်း စီးပွားရေးလုပ်ငန်းရှင်များ ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးလျှင် သိရှိလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားအတွက် ဦးစီးဌာနမှ ပြဌာန်းထားသည့် အခန်း(၁၈)၊ ပုဒ်မ (၄၁)၊ ဥပ‌ဒေများအကြောင်းနှင့် Online မှကုန်ပစ္စည်းများရောင်းချလျှင် Online မှတ်ပုံတင်ဆောင်ရွက်ရမည့်အကြောင်း( Talk Show) ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)