Main menu

မင်းဘူးမြို့၊ မြို့မဈေး၌ အာလူးဈေးမြင့်တက်လျက်ရှိ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ အာလူးကို ကျောက်ပန်းတောင်းမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်း‌မြို့ တို့မှထွက်ရှိသော ရှမ်းအာလူးများသာဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင်(အလုံးအကြီးအသေးနှင့် အရည် အသွေးလိုက်၍) ကျပ်(၆၅၀၀-၇၀၀၀-၇၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အောက်တိုဘာလ (ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် ကျပ်(၆၀၀၀-၆၅၀၀-၇၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်း ယှဉ်ပါက အာလူး(၁)ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုကာလ တွင် ဒေသတွင်းအာလူး ထွက်ရှိမှုမရှိသေးဘဲ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ မှာယူရောင်းချရပြီး လမ်း ပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သယ်ယူစရိတ်မြင့်မားလာ၍ အာလူးဈေးနှုန်းမှာ အနည်းငယ် မြင့်တက်ရခြင်းဖြစ်ကြောင်း  သိရှိရသည်။

DOCA(မကွေး)