Main menu

သရက်မြို့၌ "မေတ္တာမွန်" ပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများ သည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် သရက်မြို့၊ သဟာရလမ်း၊ မြောက်မင်း တည်းရပ်ကွက်ရှိ "မေတ္တာမွန်" ပဲကြော်လုပ်ငန်း၊ အလုပ်ရုံသို့ သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များအား စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးရာတွင် ထုတ်ပိုးနေသည့် ပဲကြော်(၂၅)ကျပ်သား အထုပ်များတွင် ဖော်ပြထား သော ကုန်အညွှန်းအမှတ် သားများမှာ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈) ပုဒ်မ(၄၁) အရပါရှိရမည့်အချက်များ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( မကွေး)