
ယာကွန်ပင်ဟာ တောင်အမေရိကမျိုးရင်းအပင်တစ်မျိုးဖြစ်ပြီး နေကြာပင်နှင့် မျိုးစိတ် တူပါတယ်။ ယာကွန်ပင်မှာ သေးငယ်ပြီး အရောင်တောက်ပတဲ့ ဒေစီပန်းလိုမျိုး ပန်းပွင့်လေး တွေပွင့်ကြပါတယ်။အချို့နိုင်ငံတွေမှာယာကွန်ဥကို Super Food ဟုခေါ်ဆိုကြောင်းသိရပါတယ်။ ယာကွန်ဥကိုရေကန်စွန်းဥ၊မြေအောက်ပန်းသီးဟုခေါ်ဆိုကြပါသည်။အရသာမှာချိုပြီး အရည်ရွှမ်း ပြီးကြွပ်ဆပ်ကာပန်းသီးအရသာနှင်တူသောကြောင့်မြေအောက်ပန်းသီးဟုခေါ်ဆိုကြောင်း သိရပါ သည်။ယာကွန်ဥကို အောက်တိုဘာလတွင် စတင်ဖော်ပြီး ဇန်နဝါရီနှင့်ဖေဖေါ်ဝါရီလတွင် အချိုဆုံး အချိန်ဖြစ်ပါသည်။ ယာကွန်ဥဟာ စိမ်းစားသီးနှံအမျိုးအစားဖြစ်ပြီး ယာကွန်ပင်ကို ကျန်းမာရေး အတွက်အသုံးပြုတဲ့နေရာမှာအရွက်ကိုအခြောက်ခံပြီး ရေနွေးကြမ်းထဲထည့်ပြီး သောက်သုံးတာ မျိုးရှိသလို အမြစ် (ယာကွန်ဥ)ကို အစိမ်းစားသလို ဖျော်သောက်တာ၊ မီးကင်စားတာနဲ့ သုတ်စား တာမျိုးရှိပြီး ယာကွန်ဥကကြွပ်ရွပြီးချိုပါတယ်။ ယာကွန်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊ အမျှင်ဓါတ်နဲ့ ဗီတာမင်အေ၊ ဘီဝမ်း၊ဘီတူးနဲ့ ဗီတာမင်စီလိုမျိုး ဗီတာမင်ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်၊ယာကွန်ဥမှာပါတဲ့အချိုဓါတ်ကဖရက်တိုအိုလီဂိုဆက်ရိုက်က သကြားဓါတ် တစ်မျိုး ဖြစ်ပြီး ဒီအချိုဓါတ်ကိုခန္ဓာကိုယ်ကမချေဖျက်နိုင်တာကြောင့် ယာကွန်ဥဟာ ဆီးချိုရောဂါသည် နှင့် ကိုယ်အလေးချိန်ချချင်သူများ စားသုံးဖို့သင့်တော်သော သီးနှံ တစ်မျိုး ဖြစ်ပါတယ်။
ရာသီပေါ်သီးနှံတစ်မျိုးဖြစ်တဲ့ ယာကွန်ဥ(ရေကန်စွန်းဥ)စားသုံးမှုတွေဟာ ၂၀၂၄ ခုနှစ် နောက်ပိုင်းမှာခေတ်စားလာပြီး ဝယ်ယူစားသုံးသူများလာတာကြောင့် ဈေးကောင်းရနေပါတယ်။ တစ်နှစ်မှာ (၂)လ သာရပြီး တစ်နိုင်ငံလုံး (၂)မြို့လောက်သာ အများအပြား ထွက်ရှိသောကြောင့် ဈေးနှုန်းကြီးမားသော်လည်း ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်မှု၊ အသည်းအဆီဖုံးရောဂါ ကာကွယ်ပေးနိုင်မှု၊ ဆီးချိုရောဂါကို ထိန်းညှိပေးနိုင်မှုနဲ့ ကိုယ်ခံအားကောင်းစေမှု စတဲ့ အားသာ ချက်တွေကြောင့်ဈေးနှုန်းကြီးမြင့်သော်လည်းဝယ်ယူစားသုံးသူများလာသည့် အတွက် ရောင်းအား ကောင်းလျှက်ရှိကြောင်း၊ ရှမ်းပြည်နယ် ဟိုပုန်း ၊မိုးကုတ်မြို့တို့မှ ထွက်ရှိသော ယာကွန်ဥကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ အဓိက ပို့ဆောင်နေပြီး ရန်ကုန်မြို့သည် အများဆုံး ဝယ်ယူသည့်နေရာဖြစ်သည်။လက်ရှိအချိန်ဈေးနှုန်းမှာလက္ကားဈေး တစ်ပိဿာ (၄)လုံး ဝန်းကျင်စီး ကျပ်၆၀၀၀/-၊ လတ်(၆-၇)လုံးဝန်းကျင်းစီးတစ်ပိဿာ ကျပ် ၃၀၀၀/-၊ လက်လီဈေး တစ်ပိဿာ ကျပ် ၈၀၀၀/ ၈၅၀၀/၉၀၀၀/- ဈေးရှိပြီး ၊ယာကွန်လက်ဖက်ခြောက် ယခုနှစ်ပေါ် အသစ်ခြောက် ၂၅ ကျပ်သား တစ်ထုပ် ကျပ် ၁၀၀၀၀/- ၅၀ ကျပ်သားတစ်ထုပ် ကျပ် ၁၇၀၀၀/- တစ်ပိဿာ ကျပ်၃၀၀၀၀/- ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်းသိရပါသည်။
DOCA(မန္တလေး)
