
မိတ္ထီလာဈေးကွက်တွင် နိုဝင်ဘာလ၌ နေကြာဈေးအနည်းငယ်မြင့်လာကြောင်း တွေ့ရသည်။ မိတ္ထီလာခရိုင်အတွင်း မြို့နယ်အသီးသီးတွင် ဆီထွက်သီးနှံများ၌ နှမ်း၊မြေပဲတို့ကို စိုက်ပျိုးမှုများသော်လည်း နေကြာစိုက်ပျိုးမှုနည်းသည်ကိုတွေ့ရသည်။ နေကြာကို ရောင်းချရန်ထက် ဆီကြိတ်စားသုံးရန် အနည်းငယ်သာစိုက်ပျိုးကြရာ မိုးနေကြာမှာ မေ၊ဇွန်လများက စိုက်ပျိုးခဲ့ပြီး စက်တင်ဘာ၊ အောက်တို ဘာလများတွင် ရိတ်သိမ်းကြပါသည်။ ဒေသထွက်နေကြာ(အသစ်)ဈေးကွက်သို့ ဝင်ရောက်ချိန် စက်တင်ဘာလက တစ်ပိဿာ(၆၀၀၀)ကျပ်ရှိခဲ့ပြီး အောက်တိုဘာလတွင် တစ်ပိဿာ(၇၀၀၀/၇၃၀၀) ကျပ်၊ လက်ရှိနိုဝင်ဘာလတွင် (၇၃၀၀/၇၅၀၀)ကျပ်ဈေးမြင့်တက်လာပါသည်။ နေကြာစေ့ဈေးမြင့်လာ သကဲ့သို့ နေကြာဆီဈေးမှာလည်း ယခင်လကတစ်ပိဿာ(၁၈၀၀၀)ကျပ်၊ နေကြာဖက်တစ်ပိဿာ (၂၈၀၀/၂၉၀၀)ကျပ်မှ ယခုနေကြာဆီတစ်ပိဿာလျှင်(၁၉၀၀၀)ကျပ်၊ နေကြာဖက်တစ်ပိဿာ(၃၁၀၀/ ၃၂၀၀)ကျပ်သို့ အသီးသီးဈေးမြင့်တက်လာကြောင်း ကုန်စည်ဒိုင်မှ သိရှိှိရသည်။
DOCA(မန္တလေး)
