Main menu

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

Powered by Drupal

           မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။

          မုံရွာမြို့၏ နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်းစပါးတင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀ မှ ၁၄၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၅၀၀၀ မှ ၆၀၀၀၀၊ မနောသုခစပါး တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ မနော သုခဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၆၀၀၀၊ ပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၈၀၀၀ မှ ၉၀၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိပါသည်။ ယခင်အောက်တိုဘာလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းနှင့် ယခုနိုဝင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိပါ။ ထူခြားချက်အနေဖြင့် ယခင်လ ပထမပတ်ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀၀လျှင် ၁၉၀၀၀၀၀ ဖြစ်ပေါ်ခဲ့ရာမှ ယခုလ ပထမပတ်၌ ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ထိ ‌ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ဆန်ဈေးနှုန်းတွင်လည်း ရွှေဘိုပေါ်ဆန်းဆန်၂၄ပြည်ပါ တစ်အိတ်လျှင်ဈေးနှုန်း ၈၈၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့ရာမှ ယခုလ ပထမပတ်တွင် ၉၀၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)