Main menu

မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီဈေးငြိမ်နေ

Powered by Drupal

        မိတ္ထီလာဈေးကွက်တွင် နိုဝင်ဘာလ ဒုတိယပတ်၌ ကြက်သွန်နီဈေးငြိမ်နေကြောင်း သိရသည်။ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီအများဆုံးစိုက်သော မလှိုင်မြို့နယ်ရှိ ကျေးရွာများနှင့် မိတ္ထီလာ၊ မလှိုင်မြို့နယ်ရှိ ပွဲရုံ၊ လှောင်လက်မျာက နှစ်စဉ် ကြက်သွန်နီကို ရန်ကုန်၊ ပဲခူးနှင့်နယ်စပ်ဝယ်လက်များသို့ တင်ပို့ကြပါသည်။ ယခုတစ်ပတ်အတွင်း ကြက်သွန်နီကို မိတ္ထီလာ၊ မလှိုင်မြို့နယ်များမှ နယ်စပ်ဝယ်လက်များအနေဖြင့် မော်လမြိုင်နှင့် တာချီလိတ်မြို့များသို့ ကားစီးလုံးတင်ပို့နိုင်ပြီး၊ မိတ္ထီလာမြို့ရှိ အဝေးပြေးကုန်တင်ယာဉ်ဂိတ်များမှလည်း အခြားကုန်များနှင့် ရော၍ ရန်ကုန်သို့  (၁၂) ဘီးကားဖြင့် လည်းကောင်း၊ ပဲခူး၊ တောင်ကြီးမြို့များသို့ (၆) ဘီးကားဖြင့်လည်းကောင်း တင်ပို့နိုင်ကြောင်း သိရသည်။ ယခုအခါ မလှိုင်မြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးသော မိုးကြက်သွန်များလည်း ရောင်းလိုအားရှိလာပြီး၊ နယ်တင်ပို့မှုကလည်း နည်းသေးသည့်အတွက် ဈေးငြိမ်နေရာ တစ်ပိဿာ တောင်သူထံမှ ဝယ်ဈေး (၇၀၀-၈၀၀) ကျပ်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)