Main menu

“ပဲသီးတောင့်ရှည်ဈေးနှုန်းဈေးကွက်”

Powered by Drupal

           မန္တလေးမြို့တွင်းသို့ ပြင်ဦးလွင်နှင့် ကျောက်ဆည်မြို့များမှ ပဲသီးတောင့်ရှည်များ ဝင်ရောက် လျှက်ရှိပြီး ပဲသီးတောင့်ရှည်ကို စားသုံးသူပြည်သူများက အလွန်ကြိုက်နှစ်သက်သောကြောင့် ဝယ်လိုအားရှိကြောင်း၊ ပဲသီးတောင့်ရှည်များမှာ အညိုရောင်နှင့် အစိမ်းရောင်ဟူ၍ နှစ်မျိုးရှိပြီး ပဲသီးတောင့်ရှည်ကို သုတ်စား၍သော်လည်းကောင်း၊ ချက်စား၍သော်လည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း စားသုံးကြပါသည်။ ပဲသီးတောင့်ရှည်စျေးနှုန်းအနေဖြင့် အောက်တိုဘာလ နောက်ဆုံးပတ်တွင်(၁)ပိဿာလျှင်(၄၀၀၀/၄၅၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလပထမပတ်တွင် (၁)ပိဿာလျှင်(၃၀၀၀/၃၅၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

Doca(မန္တလေး)