
မန္တလေးမြို့တွင်းသို့ရှမ်းပြည်နယ် ရွာငံ၊ တောင်ကြီးနှင့် ပြင်ဦးလွင်မြို့များမှ ဂေါ်ရခါးညွှန့် များ ဝင်ရောက်လျှက်ရှိပြီး ဂေါ်ရခါးညွှန့်များကို စားသုံးသူပြည်သူများက အလွန်ကြိုက်နှစ်သက်သော ကြောင့် ဝယ်လိုအားရှိကြောင်း၊ ချက်စား၍သော်လည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း၊ အတို့မြှုပ်လုပ်စား၍သော်လည်းကောင်း စားသုံးကြပါသည်။ဂေါ်ရခါးညွှန့်စျေးနှုန်းအနေဖြင့် အောက်တို ဘာလနောက်ဆုံးပတ်တွင် (၂၅)ကျပ်သားလျှင်(၈၀၀/၁၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး နိုဝင်ဘာလပထမပတ်တွင်(၂၅)ကျပ်သားလျှင်(၁၀၀၀/၁၅၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
