Main menu

မြင်းခြံမြို့ အေးမြသီတာဈေးရှိ အိုးမုန်ညင်းဈေးနှုန်း

Powered by Drupal

           မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး အပိုဝင်ငွေရရှိရန် သီးနှံမျိုးစုံကို လည်း စိုက်ပျိုးကြောင်း သိရသည်။ အိုးမုန်ညင်းသည် အအေးဓာတ်ကို ကြိုက်နှစ်သက်သော သီးနှံဖြစ်သောကြောင့် ယခုလို မိုးအကုန် ဆောင်းရာသီဝင်သောအချိန်တွင် စိုက်ပျိုးရန်အကောင်းဆုံး ဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ယခုအခါ ဒေသစုံစိုက်ပျိုးလာကြောင်း သိရသည်။ မြင်းခြံမြို့ရှိ ကျေးရွာအချို့တွင် စိုက်ပျိုးမှုများပြီး ဒေသထွက်သီးနှံများ မပေါ်သောအချိန်တွင် မန္တလေးဈေးကွက်မှ ဝင်ယူရောင်းချကြောင်းသိရသည်။ နိုဝင်ဘာလ တတိယပတ်တွင် မန္တလေးမြို့မှဝယ်ယူရောင်းချရသောကြောင့်ဈေးအနည်းငယ်မြင့်တက်ကြောင်းသိရသည်။အိုးမုန်ညင်းကို ငရုတ်သီးစိမ်းနှင့် ကြော်ချက်၍လည်းကောင်း၊ အသားနှင့်ရော၍ ကြော်ချက်၍လည်းကောင်း စသည့်ဖြင့် ချက်ပြုတ်စားသောက်မှုများပြားကြသောကြောင့် ပုံမှန်ရောင်းအားကောင်းကြောင်း သိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည် ပင်သာယာဈေးနှင့် စံပြဈေးတို့တွင် သီးနှံများစုံလင်စွာရောင်းချကြောင်း၊ အေးမြသီတာဈေးရှိ အိုးမုန်ညင်းတစ်စည်းဈေးနှုန်းမှာ (၈၀၀)ကျပ်နှင့် နှစ်စီးလျှင်(၁၅၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သီးနှံရောင်းချသူတစ်ဦးထံမှ သိရသည်။

  DOCA(မန္တလေး)