Main menu

ညောင်ဦးမြို့ရှိ ဂေါ်ရခါးသီးဈေးနှုန်းဈေးကွက်

Powered by Drupal

      ညောင်ဦးမြို့ဘုန်းဇဉ်ဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးများကိုလည်းပေါများစွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

            ဂေါ်ရခါးသီးကို အတို့အမြုပ်အဖြစ်လည်းကောင်း၊ အသားငါးတို့နှင့်ချက်၍လည်းကောင်း စားသုံး ကြသလို စားသောက်ဆိုင်များ၊ အကြော်ဆိုင်များမှလည်း ဝယ်ယူမှုများ၍ အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီး ဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း သိရသည်။

  DOCA(မန္တလေး)