
နနွမ်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပြီး နနွမ်းကိုနေ့စဉ်ချက်ပြုတ်စားသောက်သော ဟင်းလျာများတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည့်အပြင် တိုင်းရင်းဆေးများ ဖော်စပ်ရာတွင်လည်း အသုံးပြုကြပြီး နနွမ်းဖူးများကို တို့စရာဖြစ်စားသုံး၍ နနွမ်းခေါင်းကို ခြင်ဆေးအဖြစ် လည်းအသုံးပြုကြပါသည်။ နနွမ်းကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ် စိုက်ပျိုးကြကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ် နနွမ်းစိုက်ဧက (၁၅၃)ဧက စိုက်ပျိုးထားရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရ သိရပါသည်။
နနွမ်းကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြကြောင်း၊ ဒေသတွင်းမှာ အနည်းငယ်သာထွက်ရှိသဖြင့် မိတ္ထီလာဈေးကွက်အတွင်းသို့ အောင်ပန်းနှင့်ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာမှထွက်ရှိသော နနွမ်းများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပွဲရုံလက္ကားဈေး ရှမ်းနနွမ်းတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ကျောက်ဆည်နနွမ်းတစ်ပိဿာ(၁၅၅၀၀)ကျပ်၊ လက်လီရှမ်းနနွမ်း တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကျောက်ဆည်နနွမ်းတစ်ပိဿာလျှင်(၁၆၅၀၀)ကျပ်၊ နနွမ်းခေါင်းဈေး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နနွမ်းတစ်ပိဿာလျှင်(၁၀၀၀) ကျပ်ခန့်ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ ပွဲရုံများမှ သိရှိရပါသည်။
DOCA(မန္တလေး)
