Main menu

နတ်တော်လဆန်းအတွင်း ဖြစ်ပေါ်သည့်ဇီးဖြူသီးစျေး 

Powered by Drupal

         မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီးများ နတ်တော်လဆန်းအတွင်း ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅  ခုနှစ် နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး (ကြီး) ၁၄၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊အလုံး(လတ်) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊ အလုံး(သေး) ၈၀၀ကျပ်နှင့် ၉၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊အလုံးအရွယ်အစားအပေါ်မူတည် ၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှအချဉ်သုတ်၍ ရောင်းချသူများမှ သုံးစွဲမှုများပြားသည့်အတွက် အရောင်း သွက်လျက်ရှိကြောင်းသီရိမာလာစျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)