
မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်မှ ထွက်တောင်ပို့မှိုများ ဝင်ရောက်လျက်ရှိပြီး၊ မှိုများ အရောင်းသွက်လျှက်ရှိကြောင်းသိရပါသည်။ မန္တလေး စျေးကွက်အတွင်း ဆောင်းရာသီဝင်စအချိန်တွင် ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများ၊ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများ တွေ့ရှိရ ပါသည်။ မန္တလေး စျေးကွက်အတွင်း သဘာဝ အတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့တွေ့ ရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတတိယ ပတ်အတွင်း မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာပေါက်စျေးများမှာ တောင်ပို့မှိုလက္ကား စျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊ လက်လီစျေး၄၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ငွေနှင်းမှုံမှိုလက္ကားစျေး၇၀၀ဝိ/- နှင့် ၈၀၀ဝိ/-၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှိုလက္ကားစျေး ၉၅၀ဝိ/-လက်လီစျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီ စျေး အထုတ်(သေး) ၃၅၀၀ဝိ/စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
