
မန္တလေးကုန်စိမ်းစျေးကွက်သို့ ရွှေပဲသီးတောင့်များ ဝင်ရောက်မှုအနည်းငယ်လျော့နည်းပြီး၊ စျေးအနည်းငယ်မြင့်တက်သွားရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာ ဈေးတို့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့်ရှမ်းပြည်နယ်ဒေသတို့မှ ထွက်ရှိသော ရွှေပဲသီး တောင့်သီးနှံများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတတိယပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့် တစ်ပိဿာလျှင် လက္ကားစျေး ၆၅၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်၊ လက်လီစျေး ၇၈၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ရွှေပဲသီး အရွက်(၁၀ စည်းပါ) တစ်စည်းလျှင် လက္ကားစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် အရောင်းသွက် လျက်ရှိကြောင်း သီရိမာလာစျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA (မန္တလေး)
