Main menu

  မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အခြေခံပညာမူလတန်းကျောင်းပတ်ဝန်းကျင်ရှိ ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် ကျောင်း သားကျောင်းသူများဘေးအန္တရာယ်ကင်းစေရေးအတွက် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အခြေခံပညာမူလ တန်းကျောင်းပတ်ဝန်းကျင်ရှိ မုန့်စျေးဆိုင်များအား ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ထုတ် ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးအရ ထိခိုက်နိုင်သော၊ ဘေးအန္တရာယ်ရှိသော ထုတ် ကုန်များရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်စားသောက်ကုန်များမရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ပြီး အစားအစားများတွင် ခြင်၊ ယင်မနားစေရေး အဖုံး၊ အကာများဖြင့်ရောင်းချရန်နှင့် မြန်မာဘာ သာကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်ပြောကြား ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (တနင်္သာရီ)