Main menu

နတ်တော်လဆန်းရှိ မန္တလေးပန်းမျိုးစုံစျေးကွက်

Powered by Drupal

      စျေးကွက်အတွင်းသို့ နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာ မြို့နယ်၊ပြင်ဦးလွင်မြို့နယ်၊ပုသိမ်ကြီးမြို့နယ်၊အမရပူရမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည် နယ်၊တောင်ကြီးဒေသတို့မှထွက်ရှိသည့်ပန်းများဝင်ရောက်လျှက်ရှိပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းတစ်စီး လက်လီပေါက် စျေးနှုန်းများမှာ ဂန္ဓာမာ ပန်းကြွေဖြူ တစ်စီးလျှင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊အရောင်အမျိုးအစားအလိုက် ဂန္ဓာမာပန်း အပွင့်သေး  ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ မေမြို့ပန်းရောင်စုံ ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ သစ္စာပန်း ၄၀၀ဝိ/- နှင့် ၄၅၀ဝိ/-၊ လီလီပန်း ၁၅၀၀ဝိ/- နှင့် ၂၀၀၀ဝိ/-၊ သပြေပန်း ၇၀ဝိ/- နှင့် ၁၀၀ဝိ/-၊ အာဆီယံသပြေ ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ နှင်းဆီပန်း ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကျောက်စိမ်းပန်း ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ညွှန့် ၂၅၀ဝိ/-နှင့်၃၀၀ဝိ/-၊သစ်ခွပန်း၄၀၀ဝိ/-နှင့် ၆၀၀ဝိ/-စျေးဖြင့် ရောင်းချ လျက်ရှိကြောင်း၊ မန္တလေးစျေးချိုတော်ရှိ ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (မန္တလေး)