Main menu

  နတ်တော်လဆန်းတွင် မန္တလေးပန်းကုံးစျေးအနည်းငယ်တက်

Powered by Drupal

      နတ်တော်လဆန်းအချိန်ဖြစ်၍ မန္တလေးပန်းကုံးမျိုးစုံစျေးကွက်အတွင်း စျေးအနည်းငယ်မြင့် တက်ပြီး၊အရောင်းသွက်လှျက်ရှိကြောင်းသိရှိရပါသည်။စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး အတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ကျောက်ပန်း တောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများဝင်ရောက် ကြောင်း သိရှိရ ပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းကုံး လက်လီပေါက်စျေးနှုန်း များမှာ စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၂၀၀ဝိ/-နှင့် ၂၃၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါးပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)