Main menu

ပဲသီးထောင့်ရှည်ဈေးကွက်

Powered by Drupal

                  မန္တလေးမြို့တွင်းသို့ ယခုရက်ပိုင်းအတွင်း ပဲသီးထောင့်ရှည်များ ဝင်ရောက်လျက်ရှိပါ သည်။ ပုသိမ်ကြီး ၊ မတ္တရာ ၊ ကျောက်ဆည်နယ်များမှ ဝင်ရောက်ပြီး ရာသီချိန်ဖြစ်သည့်အတွက် ပဲထောင့်ရှည်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၄၁) လမ်း ကုန်စိမ်းဈေးတွင် ပဲသီး ထောင့်ရှည် ၁ ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဈေးနှုန်းများနှင့်ရောင်းဝယ်မှုရှိပြီး ၁ ရက် လျှင် ကုန်ချိန် ပိဿာ ၇၀ မှ ၁၀၀ ဝန်းကျင်ဝင်ရောက်မှုရှိကြောင်း မန္တလေးမြို့အနီးဝန်းကျင်ရှိ လက်လီဈေးနှုန်းများတွင် ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်ဝန်းကျင်နှင့်ရောင်းဝယ် မှုရှိပြီး ရာသီစာဖြစ်သည့်အတွက် စားသုံးသူများကြိုက်နှစ်သက်သည့် ပဲသီးထောင့်ရှည်များ ဈေးကွက်တွင် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA (မန္တလေး)