Main menu

ပန်းမုံလာပွင့်ဈေးကွက်

Powered by Drupal

              မန္တလေးမြို့တွင်းသို့ ပန်းမုံလာပွင့်များကို ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်နှင့် ရွာငံဘက်များမှ ဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းအဝင်မှာ ဝင်ရောက်သည့်ပန်းမုံလာပွင့်များသည် ရာသီစာတစ်ခု ဖြစ်သည့်အတွက် အကြိုက်များပါသည်။ မန္တလေးမြို့တွင် ပန်းမုံလာပွင့်ဈေးကွက်အနေနှင့် ၄၁ လမ်း၊ ကုန်စိမ်းဈေးတွင် ပန်းပွင့်အကြီး ၁၀ ပွင့်လျှင် ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ အလတ်ပွင့် ၁၀ ပွင့်လျှင် ၆၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊ အပွင့်သေး ၁၀ ပွင့်လျှင် ၄၁၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ရပ်ကွက်အတွင်းရှိ လက်လီဈေးများတွင် ပန်းပွင့်ကြီး ၁ ပွင့်လျှင် ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်၊ အလတ် ၁ ပွင့် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်၊ ပွင့်‌သေး ၁ ပွင့်လျှင် ၅၅၀ ကျပ်မှ ၆၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ရာသီစာဖြစ်သောကြောင့် ဈေးအတွင်းအရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA (မန္တလေး)