
မန္တလေးသစ်သီးစျေးကွက်သို့ နတ်တော်လဆန်းတွင်စပျစ်သီးဝင်ရောက်မှု လျော့နည်းလာ သည့်အတွက် စျေး အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်အတွင်း စပျစ်သီးစျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၁၅၀၀၀ ကျပ် နှင့် ၁၈၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၁၀၀၀ဝကျပ် နှင့် ၁၁၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ် နှင့် ၉၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်း မန္တလေး စျေးချိုရှိ သစ်သီး ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
