Main menu

အောင်မြေသာစံမြို့နယ်အတွင်းရှိ ရွှေပုဇွန်ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

                    မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ  သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း (မန္တလေးတိုင်းအသင်းခွဲ)မှ ဦးသူရထိုက်(အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သောပူးပေါင်းအဖွဲ့သည်ရွှေပုဇွန်ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မန္တလေး)