Main menu

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်ရှိ ရှမ်းချောင်းကုန်စိမ်းဈေးသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေး၊ အောင်ပန်းနှင့် အခြားဒေသများမှ ဝင်ရောက်လာကြောင်း သိရှိ ရပါသည်။  မြိတ်မြို့အတွင်း ရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဗမာခရမ်းချဥ်သီးမှာ အခွံပါးပြီး အနှစ်များ သော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း ဝယ်ယူသူနည်းခြင်းကြောင့် တောင်သူများ စိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်း လည်းသိရှိရပါသည်။ ထိုင်ဝမ်ခရမ်းချဥ်သီး မျိုးမှာ အခွံထူ၍ အထားခံသောကြောင့် ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်းမှာ (၃၀၀၀)ကျပ် နှင့် (၃၅၀၀)ကျပ်ထိရှိပြီး ယခုနိုဝင်ဘာလတတိယပတ်တွင် (၆၀၀၀)ကျပ်ထိ ဈေးနှုန်းမြှင့်တက်သွား ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)