Main menu

ဈေးကြီးသော်လည်း ရောင်းအားကောင်းသော ငါးပတ် နှင့် ငါးပေါက်စ  

Powered by Drupal

              ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

                      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ကျွန်းလှမြို့၏ ငါးချောင်း၊ ငါးပတ် နှင့် ငါးပေါက်စ ဈေးနှုန်းများ အနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊လက်လီတစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ငါးချောင်း(အလတ်)နှင့်(အသေး)လက္ကားတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊လက်လီတစ်ပိဿလျှင်(၁၆၀၀၀) ကျပ်  နှင့် (၅၀)ကျပ် သားလျှင်(၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ်၊ ငါးပတ် အကောင်သေး တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ် နှင့် ငါးပေါက်စဈေးနှုန်းများမှာ ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ် သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်း အဝယ်လုပ်ကိုင်သူ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)