Main menu

 ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော  ဝက်သား နှင့် ဝက်အူချောင်း ဈေးနှုန်း

Powered by Drupal

            ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

          ယခု နိုဝင်ဘာလ တတိယအပတ်၏ ဝက်သားဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီတစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာ လျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ (၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အလားတူပင် ဝက်အူချောင်း ဈေးနှုန်းအနေဖြင့် ဝက်အူချောင်း တစ်ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၁၃၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၄၅၀၀ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း ဝက်သားသည် ဈေးနှုန်းကြီးမြင့်သော်လည်း ကမ္ဘာ့ဟင်းလျာဖြစ်သည့်အတွက် ရောင်းအား ကောင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)