Main menu

ဆိပ်ဖြူကြက်သွန်နီ ဈေးကွက်အခြေအနေ

Powered by Drupal

              ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူကုန်စည်ဒိုင်တွင် နေ့စဉ်ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ဆိပ်ဖြူဒေသတွင်းနှင့် နီးစပ်ရာ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပေါက်မြို့နယ်ထွက် ကြက်သွန်နီများ နေ့စဉ် ကုန်ချိန်(၂၅၀၀၀)ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

     ကုန်စည်ဒိုင်ဈေးကွက်တွင် အောက်တိုဘာ(စတုတ္ထ)ပတ်အတွင်း ကုန်စည်ဒိုင်ပြတ်ဈေးအနေဖြင့် ကြက်သွန်နီ(၁)ပိဿာလျှင် ထိပ်စ ကျပ်(၃၆၅၀)၊ အလတ်စ ကျပ်(၃၄၀၀)၊ အနိမ့်စ  ကျပ်(၃၀၀၀)၊ အရောင်ပျက် အသေးစ(၁)ပိဿာလျှင် ကျပ် (၂၂၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပါသည်။ ယခင်အောက်တိုဘာ(တတိယ)ပတ်တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ထိပ်စ ကျပ်(၃၂၇၅)၊ အလတ်စ ကျပ်(၃၀၀၀)၊ အနိမ့်စ ကျပ်(၂၈၀၀)၊ အရောင်ပျက် အသေးစ(၁)ပိဿာလျှင် ကျပ်(၂၀၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်(၁)ပတ်ထက် ယခု(၁)ပတ် ကြက်သွန်နီ(၁)ပိဿာလျှင် ထိပ်စ (၃၇၅)ကျပ်၊ အလတ်စ (၄၀၀)ကျပ်၊ အနိမ့်စ (၂၀၀)ကျပ်၊ အရောင်ပျက်အသေးစ (၂၀၀)ကျပ် ဈေးနှုန်း အသီးသီးမြင့်တက်ပြီး ယခု(၁)ပတ်အတွင်း ဈေးနှုန်းသိသိသာသာ ဈေးနှုန်း မြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ကြက်သွန်နီများကို ပြည်တွင်းဖြန့်ဖြူးမှုထက် ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့သို့ ကုန်ချိန်အများဆုံး တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

          ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းတွင် ကြက်သွန်နီလက်လီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀/ ၄၃၀၀/၃၆၀၀/၃၀၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

          ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)၊ ပြည်၊ ပုသိမ်၊ မော်လမြိုင်၊ စစ်တွေ၊ မြဝတီမြို့အသီးသီးသို့ နေ့စဉ်တင်ပို့အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ရန်ကုန်မြို့သို့ ပိဿာ(၃၀)ဝင်ဆံ့ (၃၄၃၃) အိတ်၊ ပြည်မြို့ (၃၁၂၀) အိတ် ၊ ပုသိမ်(၃၃၆၀) အိတ်  စစ်တွေမြို့ (၇၂၀) အိတ် ၊ မော်လမြိုင် (၂၈၈၀) အိတ်၊ မြဝတီမြို့ (၅၀၆၆) အိတ် တစ်ပတ်အတွင်း စုစုပေါင်း (၁၈၅၇၉)အိတ်၊ ပျမ်းမျှပိဿာ(၅)သိန်း၊ တန်ချိန်(၃)သောင်းခန့် နေ့စဉ် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)