
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ခရိုင် FDA ဦးဆောင် သောအဖွဲ့နှင့်အတူ (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင် ပါဝင်မူ ရှိ/မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ဗိုလ်အောင်ကျော်ဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစား အသောက်များတွင် ဓါတုဆိုးဆေးသုံးစွဲထားမှု မရှိခြင်း၊ Date လွန်ကုန်စည်များ ရောင်းချမှုမရှိခြင်း၊ ရောင်းချလျက်ရှိသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာလည်း ဈေးနှုန်း သိသိသာသာ ပြောင်း လဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ ခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက် ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
