
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှု့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် အခြေခံမွေးမြူရေး ပညာပေးသင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို (၁၈.၁၁.၂၀၂၅ မှ ၁၉.၁၁.၂၀၂၅) နေ့ အထိဖွင့်လှစ်မည်ဖြစ်ပြီး ဒေသမွေးမြူရေးလုပ်ကိုင်သူများမှ နည်းစနစ်တကျရောဂါကင်းရှင်းစွာ မွေးမြူနိုင်ရေးဒေသတွင်း အသား၊ ဥ၊ နို့ ထိုက်သင့်သလောက် ဖူလုံအောက်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ မိတ်ဘက်ဌာနများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနစသည့် ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်း ဒေသမွေးမြူရေး လုပ်ငန်းရှင်များဖြစ်သည့် မွေးမြူရေးကြက်အသား၊ ဥ၊ ဒေသကြက်၊ ဘဲ၊ ဝက်၊ ဆိတ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)
