
မလေးရှားနိုင်ငံသည် ရေရှည်ခိုင်မြဲသောထုတ်လုပ်ရေးအတွက် စားအုန်းဆီစိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ စိုက်ပျိုးရေးအပေါ် အနှောင့်အယှက်ပြုမည်မဟုတ်ကြောင်း သိရပါသည်။ စိုက်ခင်းနှင့်လူသုံးကုန် ပစ္စည်း ဝန်ကြီး Datuk Seri Johari Abdul Ghani က မလေးရှားနိုင်ငံ၏ မူဝါဒသည် စားအုန်းဆီ စိုက်ခင်းများအသစ် ဖွင့်ရန်မဟုတ်ကြောင်းနှင့် လက်ရှိစိုက်ပျိုးနေဆဲစိုက်ခင်းများအပေါ်သာ မူတည်နေကြောင်း အထူးအလေးပေးပြောကြားခဲ့ပါသည်။ ၎င်းက ထပ်မံ၍ မလေးရှားနိုင်ငံသည် ၎င်း၏ ဦးတည်ချက်သည် ရှင်းလင်းကြောင်းနှင့် သစ်တောပြုန်းတီးခြင်းများ ပြုလုပ်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် အထွက်နှုန်းလျော့နည်းခြင်းကို မြှင့်တင်ရန်အတွက် စားအုန်းဆီစိုက်ပျိုးခြင်းကို ၆၀၀၀၀၀ ဟက်တာဧကခန့်တိုးချဲ့ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရပါသည်။ မလေးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့တင်ပို့မှု၏ ၃၅ ရာခိုင်နှုန်းခန့် ကို စားအုန်းဆီများတင်ပို့ခဲ့ကြောင်း သိရပါသည်။ မလေးရှားနိုင်ငံသည် ၅.၆ သန်းဟက်တာဧက ရှိသော စားအုန်းဆီစိုက်ခင်းများမှ စားအုန်းဆီတန်ချိန်ပေါင်း ၁၉.၃၄ သန်း တန်ခန့်ထုတ်လုပ်လျက် ရှိပါသည်။ Johari က ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စားအုန်းဆီတန်ဖိုးသည် တစ်တန်လျှင် ရင်းဂစ် ၄၀၀၀ ခန့်ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
