
သာစည်မြို့နယ်တွင် စပါး၊ပဲစဉ်းငုံ၊ဆီထွက်သီးနှံများအပြင် ကုန်စိမ်းသီးနှံဖြစ်သော ကျောက် ဖရုံသီးသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ သာစည်မြို့နယ်အနေဖြင့် အိုမီကာ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုး (၂)မျိုးကိုသာ စိုက်ပျိုးကြပါသည်။(၁)ဧကလျှင် မျိုးစေ့ (၅)ထုပ်စိုက်ပျိုးပြီး၊ မျိုးစေ့(၁)ထုပ် ဈေးနှုန်း အိုမီကာ ထိုင်ဝမ်မျိုး(၁၈၀၀၀)ကျပ်၊ဗမာမျိုး(၁)ထုပ်လျှင် (၁၁၀၀၀ - ၁၂၀၀၀)ကျပ် ရှိ ကြောင်းသိရပါသည်။ ကျောက်ဖရုံသီးကို သာစည်မြို့နယ်တွင် လှိုင်းတက်၊မြိုင်သာ၊ကံကြီးအောက်၊ မင်းကုန်း၊ကွမ်းခြံရိုး၊ဆည်ကြီး၊ကြက်မောက် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် (၆၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျ ကြောင်း သိရပါသည့်။ကျောက်ဖရုံသီးကို စိုက်ခင်းထဲအထိ ပွဲစားများမှ လာရောက်ဝယ်ယူကြပြီး ၊ ပွဲစားများမှကျောက်ဖရုံယိုလုပ်ငန်းများသို့လည်းကောင်း၊မိတ္ထီလာ၊မန္တလေးမြို့များသို့ ပြန်လည်ရောင်း ချကြကြောင်း သိရှိရပါသည်။ကျောက်ဖရုံသီးကို ပိဿာချိန်ဖြင့်ဝယ်ယူကြပြီး လက်ရှိပေါက်ဈေး (၁)ပိဿာလျှင် (၄၀၀-၅၀၀)ကျပ်ခန့်ရရှိပြီး ကျောက်ဖရုံသီး(၁)လုံးလျှင် အလေးချိန် (၅-၁၀)ပိဿာ ဝန်းကျင်ရှိကြောင်း ၊ သီးနှုန််းမှာ (၁)ဧက အလုံး (၃၀၀)မှ (၄၀၀)ခန့်အထိ သီးသည့်အတွက် တစ်ဧက အကျိုးအမြတ် (၅၀၀၀၀၀)ကျပ် အထိရရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)
