
ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံ နှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ဆိုင်များတွင် ရောင်းချ နေသော ကုလားပဲဆံ ဈေးနှုန်းအနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၉၅၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၄၈၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၁၂၀၀)ကျပ်၊ ပဲတီဆံ တစ်ပြည်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၄၄၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
