
ကျွန်းလှမြို့နယ်အတွင်းရှိ ဈေးများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ခေါဆီ(ခေါ်)ကောက်ညှင်းပြားများကို ဆောင်ဝင်ခါနီ စက်တင်ဘာ၊ အောက်တိုဘာလများတွင် တင်ရောင်းချလျက်ရှိကြောင်းနှင့် ယခုအချိန်တွင် ကောက်ညှင်းပြားသည်များ လှိုင်လှိုင်ပေါလာသည့်အချိန်ဖြစ်၍ ဈေးအနည်းငယ်လျော့ကာ ကောက်ညှင်းပြားများ အခုရေတိုးပြီး ရရှိလာကြောင်း သိရှိရသည်။
ကောက်ညှင်းပြား ပြုလုပ်ရန် ကောက်ညှင်းဆန်ကို ကျောက်ခဲ၊ သလဲများအပါအောင် ရွေးချယ်သန့်စင်ပြီး ကောက်ညှင်းဆန်ကိုရေဆေးပြီး အချိန်အတန်ကြာအောင်ရေစိမ်ထားရပါကြောင်း၊ ရေစိမ်ရသော ကောက်ညှင်းဆန်များကို ပေါင်းအိုဖြင့်ပေါင်းပြီး ပေါက်ဆိန်၊ ပေါင်တူ၊ မောင်းတို့ဖြင့်ထည့်၍ ထုထောင်းပြီး အိစက်ညက်ညောသည့် အနေအထားရောက်မှ နှမ်းထောင်း/ဆီတို့ကိုသုံးပြီး ကောက်ညှင်းပြားများ ပြား၍ ငှက်ပျောဖက်/ပလပ်စတစ်အိတ်အကြည်ပေါ်တွင် အအေးခံပြီးလျှင် စားသုံးရသည့် ကောက်ညှင်းပြား များရရှိပါသည်။
ယခု နိုဝင်ဘာလ တတိယပတ်တွင် ခေါဆီ(ခေါ်)ကောက်ညှင်းပြား ဈေးနှုန်းများမှာ ခေါဆီ(ခေါ်)ကောက်ညှင်းပြား အသေးတစ်ခုလျှင်(၁၀၀)ကျပ်၊ ခေါဆီ(ခေါ်)ကောက်ညှင်းပြား အကြီး တစ်ခုလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
