Main menu

ကျွန်းလှမြို့နယ်အတွင်းမှ ထွက်ရှိသည့်  ရေချို  ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

Powered by Drupal

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

      နိုဝင်ဘာလ တတိယပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ငါးရံ့ ဈေးနှုန်း များမှာ ငါးရံ့ အကြီး တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀၀)ကျပ် ငါးရံ့(အသေး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်း ကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများအနေဖြင့် ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာလျှင် (၉၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)လက်လီဈေး တစ်ပိဿာလျှင်(၇၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ငါးရံ့အကြီးဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ် နှင့် ငါးရံ့ခြောက်ဈေး အနည်းငယ် မြင့်တက်လျက်ရှိကြောင်း  ငါးရံ့သည် အခြားငါးများထက် အသားကျစ် လစ်ပြီး အရိုးနည်းသည့်အတွက် လူကြိုက်များပြီး ရောင်းအား ကောင်းလျက်ရှိကြောင်း ငါးသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)