
မိတ္ထီလာဆန်ဈေးကွက်၌ ပေါ်ဆန်းဆန်ကို ရွှေဘိုနှင့်ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသော ဆန်များအပြင် ဒေသတွင်းထွက်ရှိသော ပေါ်ဆန်းဆန်များကိုလည်း ရောင်းချကြောင်းသိရသည်။ပေါ်ဆန်းဆန်မှာရွှေဘိုပေါ်ဆန်း၊မြောင်းမြပေါ်ဆန်းဟူ၍ရောင်းချကြပြီး၊ပေါ်ဆန်းမွှေးဟူသောအမည်နှင့်အညီမွှေး၍ နူးညံ့သောကြောင့် ဈေးကွက်၌ဈေးကောင်းအရဆုံးဖြစ်ပါသည်။ ထိုသို့ဈေးကောင်းရ သည့်အတွက် မိတ္ထီလာခရိုင်တွင် ဝမ်းတွင်းမြို့နယ်နှင့်မိတ္ထီလာမြို့ ကန်ရေသောက် ဧရိယာများကလည်း စိုက်ပျိုးလာရာ မိတ္ထီလာဈေးကွက်တွင် အရပ်ပေါ်ဆန်းအေနေဖြင့် ရောင်းချကြောင်းသိရသည်။ ရွှေဘို ပေါ်ဆန်းမှာ သယ်ယူစရိတ်မြင့်ခြင်းကြောင့် ဝယ်ယူရောင်းချမှုနည်းလာပြီး၊ မြောင်းမြပေါ်ဆန်းနှင့် အရပ်ပေါ်ဆန်းတို့ကို အများဆုံးရောင်းချနေရာ (၂၄) ပြီ တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း (၁၆၅၀၀၀) ကျပ်၊ မြောင်းမြပေါ်ဆန်းမှာ (၁၄၅၀၀၀) ကျပ်၊ အရပ်ပေါ်ဆန်းမှာ (၁၃၀၀၀၀)ကျပ် ဈေးရှိကြောင်း ဈေးကွက်မှ သိရသည်။
DOCA(မန္တလေး)
