Main menu

မိတ္ထီလာခရိုင်တွင် ဝါသီးနှံလှိုင်လှိုင်ပေါ်

Powered by Drupal

                မိတ္ထီလာခရိုင်အတွင်း မြို့နယ်အသီးသီးတွင် ဝါသီးနှံကိုနှစ်စဉ်အမျာအပြား စိုက်ပျိုးရာ မလှိုင်မြို့ နယ်တွင် အများဆုံးစိုက်ပျိုးကြပါသည်။ မိုးကြိုဝါ၊ မိုးဝါ၊ မိုးနှောင်းဝါဟူ၍ စိုက်ပျိုးရာတွင် ဒေသရာသီဥ တုအခြေအနေအရ မိုးဝါနှင့်မိုးနှောင်းဝါဟူ၍ စိုက်ပျိုးကြရာ အောက်တိုဘာလမှစ၍ ကောက်သိမ်းရာ ရာသီဥတုသင့်တင့်မျှတသောနှစ်များတွင် ဖေဖော်ဝါရီလအထီ ကောက်သိမ်းနိုင်ပါသည်။ ယခုနှစ်တွင် လည်း အောက်တိုဘာလမှစ၍ ကောက်သိမ်းရာသီးနှ့ပေါ်စအထွက်မများသေးချိန်ဖြစ်၍ ကောက်သည့် လုပ်သားခကို နေ့စားဖြင့် ရှင်းပေးရာတစ်ရက်လျှင် (၉၀၀၀) ကျပ်ပေးရပြီး၊ ယခုနိုဝင်ဘာလအထွက် များလာချိန်မှာတော့ဝါကောက်ခကိုတစ်ပိဿာ (၆၀၀-၇၀၀) ကျပ်ပေး၍ ကောက်သိမ်းလျက်ရှိပါသည်။ လုပ်သားတစ်ဦးလျှင် တစ်ရက်တစ်ပိဿာ (၂၀) အနည်းဆုံးကောက်ယူရသဖြင့် လုပ်သားခမှာ တစ်ရက် လုပ်အားခ (၁၂၀၀၀) ကျပ်အထက်တွင်ရှိပြီး၊ ယခုအခါ ဝါသီးနှံမှာ လှိုင်လှိုင်ထွက်ရှိပြီးဖြစ်ကြောင်း သိရသည်။ ဝါကောက်ခနှုန်းများမြင့်သကဲ့သို့ ဝါဈေးမှာလည်း တောင်သူရောင်းကွင်းဈေးမှာ တစ်ပိဿာ (၄၆၅၀) ကျပ်၊ မြို့ပေါ်ပွဲရုံရောင်းဈေးမှာ (၄၇၀၀) ကျပ်ရှိကြောင်း တောင်သူများထံမှ သိရသည်။

DOCA(မန္တ‌လေး)