Main menu

မိတ္ထီလာမြို့ ကျောက်ဖရုံသီးဈေးကွက်/ဈေးနှုန်း

Powered by Drupal

                  မိတ္ထီလာဈေးကွက်တွင် နိုဝင်ဘာလ၌ ကျောက်ဖရုံသီးမှား ဝင်ရောက်မှုများလာကြောင်း သိရ သည်။ ကျောက်ဖရုံသီးကို မိတ္ထီလာခရိုင်တွင် သာစည်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်မှုရှိရာ ယခုအခါ အတင်များလာပြီး ဝင်ရောက်စအသီးများမှာ တစ်ခါချက်ရုံအလုံးသေးများ ဝင်ရောက်မှုများ ကြောင်းသိရသည်။ ကျောက်ဖရုံသီးဈေးအနေဖြင့် အလုံးသေးတစ်လုံးလျှင် (၁၀၀၀) ကျပ်၊ အလုံးလှ ပြီး အလတ်စတစ်လုံးလျှင် (၂၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ ကျောက်ဖရုံသီးမှာ တာရှည် အထားခံပြီး၊ ကျန်းမာရေးကောင်းကျိုးများစွာရှိသည့်အတွက်ကြောင့် စားသုံးသူများက ဝယ်လိုအားရှိ သည့်အပြင် ဖရုံယိုလုပ်ငန်းများမှ ဝယ်လိုအားများကြောင်းသိရသည်။

DOCA(မန္တ‌လေး)