
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၉၉၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၉၆၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်း အရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာ ကျပ် ၃၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၇၅၀၊ အကြီးမှာ ကျပ် ၁၃၀၀၊ ရှယ်မှာ ကျပ် ၁၅၅၀၊ မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၇၅၀၊ အကြီးမှာ ကျပ် ၁၂၅၀၊ ရှယ် မှာ ကျပ် ၁၇၀၀၊ မြင်းခြံ ကြက်သွန် နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၅၀၊ အသန့်မှာ တစ် ပိဿာ ကျပ် ၅၅၀၊ အကြီးမှာ ကျပ် ၉၀၀၊ ရှယ်မှာ ကျပ် ၁၃၀၀၊ ပခုက္ကူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀ ၊ အကြီးမှာ ကျပ် ၁၃၀၀ ဈေး တို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။
ယခုတစ်ပတ်တွင် ဆိပ်ဖြူ၊ မုံရွာ၊ ပခုက္ကူကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်ကျသွားကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
