Main menu

ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်သည့် မြေပဲတောင့်၊ မြေပဲလုံးဆံဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချပြီး မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲ လုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ လည်းကောင်း ဝင်ရောက်လျက်ရှိရာ ယခုနိုဝင်ဘာလ တတိယပတ်အတွင်း မြေပဲလုံးဆံတစ်ပိဿာလျှင် (၇၀၅၀)ကျပ်နှင့် (၂၅)ပိဿာတစ်အိတ်လျှင် (၁၇၆၂၅၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊  မြေပဲအတောင့်တစ်တင်းလျှင် (၂၉၀၀၀)ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)