
ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ ဆန်လက်လီ ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူး ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက်ရှိ ဦးသောင်ဆန်ဆိုင်၊ ဦးလှစိုးဆန်ဆိုင် နှင့် သမာဓိ ဆန်အရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း ၊ နိုဝင်ဘာလအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန် နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက် များကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(မန္တလေး)
