
ကန်စွန်းဥကို ပုံမှန်စားသုံးခြင်းဖြင့် အမြင်အာရုံကောင်းခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အစာအိမ်နာဖြစ်ခြင်းကို သက်သာစေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညိှပေးခြင်း၊ သွေးတွင်းသကြား ဓာတ်ကို ထိန်းညိှပေးခြင်း၊ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဝမ်းမှန်စေခြင်း၊ နာတာရှည်ရောဂါများ မဖြစ်အောင် ကာကွယ်ရန် ကန်စွန်းဥကို စားသုံးသင့်ပါကြောင်း၊ အမြင်အာရုံကိုလည်း ကောင်းစေခြင်း၊ အဆစ်အမြစ်များနာကျင်မှုကို သက်သာစေခြင်း၊ ကန်စွန်းဥမှာ ပါသော အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေ၍ ဝမ်းချုပ်မှုကင်းဝေးခြင်း စသည့်ကျန်းမာရေး ကောင်းကျိုးများကြောင်း လေ့လာသိရှိရပါသည်။ ထိုကြောင့် ယခုလို ဆောင်းရာသီတွင် ကန်စွန်းဥများ လှိုင်လှိုင်ပေါ်ပြီဖြစ်ရာ အညာဒေသတွင် အလှူပွဲများ၊ မင်္ဂလာဆောင်ပွဲများ၊ ဘုရားပွဲများတွင် ပြုတ်၍ ဧည့်ခံခြင်း၊ ကန်စွန်းယိုထိုး၍ ဧည့်ခံခြင်း၊ နံနက်စာအဆာပြေအဖြစ်ပြုတ်၍ ပဲဆီနှင့်ဆားဖြင့် စားသောက်ခြင်းတို့သည်လည်း ဓလေ့တစ်ခုဖြစ်ပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင် သာယာဈေးနှင့်စံပြဈေးတို့တွင် ရောင်းချလျက်ရှိရာ တစ်ပိဿာလျှင်(၃၀၀၀/၄၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
