Main menu

       ကန့်ဘလူမြို့နယ်၌ ဆီနေကြာသီးနှံဈေးနှုန်း ဆက်လက်မြင့်တက်

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီနေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေ အထားအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၇၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၆၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့နယ်တွင် နေကြာသီးနှံကို ဆီကြိတ်၍ ကုန်ချောထုတ်လုပ်ပြီး ပိုလျှံသောနေကြာများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များ သို့တင်ပို့လျက်ရှိ ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)