Main menu

ငါးစားသုံးခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများ

Powered by Drupal

            ငါးသည် အာဟာရဓာတ်ကောင်းစွာပါဝင်သော စားသောက်ဖွယ်ရာတစ်မျိုးဖြစ်ပါသည်။ ငါးအများစုသည် ပရိုတင်းဓာတ် ကောင်းစွာပါဝင်၍ ဗီတာမင်၊ သတ္တုဓာတ် များစွာပါဝင်ခြင်း၊ ဗီတာမင်ဒီနှင့် ဘီတူး များစွာပါဝင်ခြင်း၊ သံဓာတ်၊ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စသော သတ္တုဓာတ် များလည်း ကြွယ်ဝစွာ ပါဝင်ခြင်းတို့ကြောင့် တစ်ပတ်လျှင် (၂)ကြိမ်(၃)ကြိမ် စားသုံးသင့်ပါသည်။ ငါးမှာ ပါဝင်သော အဆီဓာတ်သည် နှလုံးကျန်းမာရေးကို ကောင်းစေခြင်း၊ ငါးကို ပုံမှန်စားသုံးသူများသည် နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ အခြားနှလုံးရောဂါဖြစ်နိုင်ချေနည်းပါးစေခြင်း၊ ဦးနှောက်နှင့်မျက်စိ ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထူးကောင်းမွန်ပါကြောင်း၊ ငါးမှရရှိသောပရိုတင်းဓာတ် များသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုလည်း ဖွံ့ဖြိုးစေရန် အထောက်အကူပြုစေကြောင်း၊ အသက် ကြီးသောအချိန်တွင် ဖြစ်တတ်သော မျက်စိကြွက်သားများအားနည်းခြင်း ဖြစ်နိုင်ခြေလျော့ချပေး နိုင်ကြောင်း၊ ဗီတာမင်ဒီ ကြွယ်ဝသောကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်း မွန်စေနိုင်ကြောင်း သိရှိရသည်။ ထိုကြောင့် ယခုလို ဆောင်းရာသီတွင် ပေါများသောငါးများကို နေ့စဉ် စားသုံးသင့်ပါကြောင်းနှင့် ကျန်းမာရေးအကျိုး ကျေးဇူးများစွာပါဝင်သော ငါးများသည် မြင်းခြံမြို့တွင် မြစ်ငါးမျိုးစုံဝင်ရောက်၍ တီလားဗီးယားငါး (၂၅)ကျပ်သားလျှင် (၂၀၀၀/၂၅၀၀)ကျပ်၊ ငါးဇဉ်းရိုင်း (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ငါးဖန်းမ (၂၅)ကျပ်သားလျှင် (၁၅၀၀/၂၀၀၀)ကျပ် စသည့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တ‌လေး)