Main menu

ကန့်ဘလူမြို့ပဲမျိုးစုံဈေးကွက်၌ မတ်ပဲဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိရာ ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် မတ်ပဲသီး နှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၁၅၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း မတ်ပဲရိုးရိုးတစ်တင်းလျှင် (၄၀၀၀)ကျပ်နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင်(၄၅၀၀)ကျပ် ဈေးနှုန်း ကျဆင်းသွားကြောင်း၊ မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချ ကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)