Main menu

မြသလ္လာဈေးတွင်ရောင်းချနေသော မန်ကျည်းရွက်နှင့်ကုလားပဲရွက်ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက် အသီးအရွက်များဖြစ်သည့်   မန်ကျည်းရွက်နှင့်ကုလားပဲရွက်များကိုလည်း ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။ 

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင်  မြသလ္လာဈေးတွင် ရောင်းချနေသော  မန်းကျည်းရွက်ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်မှ (၆၀၀)ကျပ်ထိရောင်းချလျက်ရှိပြီး ကုလားပဲရွက်ဈေးနှုန်းမှ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် ၊ (၁)ပိဿာလျှင် (၄၀၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)