Main menu

ယူရီးယားဓာတ်မြေဩဇာများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

     ၂၀.၁၁.၂၀၂၅ ရက်နေ့ မွန်းလွှဲပိုင်းအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် အခြားမိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ယူရီးယားဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်ကျိုက်ထိုမြို့နယ်အတွင်းရှိ မြေသြဇာအရောင်းဆိုင်များ၌ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများအား သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ၊ သွင်းအားစုများအား ဈေးကစားရန် သိုလှောင် ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ဓာတ်မြေသြဇာယူးရီးယား(အလုံးကြီး) ၅၀ ကီလို တစ်အိတ်လျှင် (၁၀၇၁၀၀) ကျပ်နှုန်း၊ DEAMMONIUN Phosphate  (၅၀)ကီလိုမီတာလျှင် (၁၃၉၇၀၀) ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)