Main menu

ပေါင်မြို့နယ်၌ တောင်သူများအားဆောင်းသီးနှံ နေကြာမျိုးစေ့များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

Powered by Drupal

 

          ၁၉.၁၁.၂၀၂၅ ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာနက မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်ရှိ တောင်သူများအား နေကြာမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်းသီးနှံ နေကြာမျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က အမှာစကားပြောကြားပြီး ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦး‌ကျော်စွာလှိုင်က ဆောင်းသီးနှံနေကြာမျိုးစေ့များ ပေး အပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် အိန္ဒိယစပ်မျိုးနေကြာ၊ ရေဆင်းစပ်မျိုး(၁)နေကြာ၊ ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့ကို တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ပေါင်မြို့နယ်အနေဖြင့် ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍများကို စနစ်တကျ ဆောင်ရွက်ကြရန်နှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ခင်းများအား တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်ရွယ်ထားရှိကြောင်းသိရသည်။

DOCA (မွန်)