Main menu

ကြက်ဟင်းခါးသီးများ စျေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ

Powered by Drupal

      မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာတွင် စိုက်ပျိုးရေးကို အဓိက စီးပွားရေးအဖြစ် အသက်မွေးဝမ်းကျောင်းပြုသူများပြီး ယခုနှစ်ဆောင်းရာသီတွင် ကြက်ဟင်းခါး သီးများကို စီးပွားဖြစ် စိုက်ပျိုးသူများပြီး  စျေးကောင်းလည်း ရရှိသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

    ကြက်ဟင်းခါးသီး  တစ်ဧက စိုက်ပျိုးရန်အတွက်  မြေအမျိုးအစား ရွေးချယ်ရာတွင် အဓိကအားဖြင့် သဲနှုန်းမြေပွပေါ်တွင် နွားချေးကို ထည့်ပေးပြီး စိုက်ပျိုးရကြောင်း၊ ကြက်ဟင်း ခါးသီးမျိုးစေ့ကို အိတ်ငယ်လေးများဖြင့်  အရင်ပျိုးထောင်၍ အပင်ပေါက်လေးများ သန်လာလျှင် အိတ်များကို ခွဲ၍ အတန်းလိုက်ချကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း ၂၀ ခန့် အကြာတွင် အညွှန့်လေးများထွက်လာသည်နှင့် စင်ထိုးပေးရပြီး ရက်ပေါင်း ၄၅ ရက် အကြာ ၌  ကြက်ဟင်းခါးသီးများ စတင်သီးလာပြီဖြစ်ရာ အသီးများ အားကောင်းစေရန် သုံးရက် တစ်ခါ ရေသွင်းပေးရကြောင်း၊ တစ်ဧကလျင် စိုက်ပျိုးစရိတ်  ခြောက်သိန်းခန့်ရှိပြီး အသီးခူးရက်မှာ နှစ်ရက်ခြား တစ်ကြိမ်ခူးပေးပြီး တစ်ကြိမ်ခူးလျင် အလုံးရေ တစ်ထောင်ကျော်ရရှိပြီး စျေးနှုန်း လည်း ကောင်းချိန်ဖြစ်သဖြင့် တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်ထိရရှိသဖြင့် တစ်ကြိမ် ခူးလျင် ငွေကျပ် ၅  သိန်းကျပ်ထိရရှိသဖြင့် စိုက်ပျိုးတောင်သူများ ယခင်နှစ်ကထက် စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကြက်ဟင်းခါးသီး  စီးပွားဖြစ်  စိုက်ပျိုးရောင်းချသူ တောင်သူဦးမဲ ထံမှ သိရှိရပါသည်။

DOCA (မွန်)