
၂၁.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးအအတွင်းရှိ အလှကုန်ဆိုင်များတွင် ရောင်းချလျှက်ရှိသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်အတွင်းရှိ ရွှေဟင်္သာဈေးအအတွင်းရှိ အလှကုန်ဆိုင်များတွင် ရောင်းချ လျက်ရှိသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ၊ ဘေးအန္တရာယ် ဖြစ်နိုင်ချေ ရှိ/မရှိ၊ ကုန်ပစ္စည်းတစ်မျိုးချင်းစီအလိုက် ကြိုတင်သတိပေးထားချက်မရှိသော ကုန်စည်များ ရောင်းချ ခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA (မွန်)
