Main menu

မြင်းခြံမြို၏ ဂျူးမြစ်ဈေးနှုန်း

Powered by Drupal

                          မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေး၊ စံပြဈေးတို့ရှိ ကုန်စိမ်းရောင်း ဝယ်မှုများသည် ဒေသထွက်သီးနှံများ ပေါ်ထွက်မှုမရှိလျှင် မန္တ‌လေးမြို့၊ ပြင်ဦးလွင်၊ အောင်ပန်း မြို့များမှ ဝယ်ယူရောင်းချကြောင်း သိရသညိ။ ဂျူးမြစ်ကို အချဉ်ရည်ဟင်း/ သီးစုံချည်ရည် များတွင်ထည့်၍ လည်းကောင်း၊ ငရုတ်သီးစိမ်းဖြင့် အစိမ်းထောင်း၍လည်းကောင်း၊ ကြက်သွန်ဖြူနှင့် ကြော်၍လည်းကောင်း၊ အချည်တယ်၍လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များပြီး အရောင်းအဝယ်သွက်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခု နိုဝင်ဘာလ ပထမပတ်တွင် ဂျူးမြစ် ဈေးနှုန်းမှာ (၂၅)ကျပ်သား လျှင်  (၂၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဈေး ရောင်းချကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)